မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံဆိုင်ရာ ဘူတန်သံအမတ်ကြီး H.E. Mr. Kinzang Dorji အား လက်ခံတွေ့ဆုံခဲ့ခြင်း (၂၂-၇-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး အား ထိုင်းနိုင်ငံဆိုင်ရာ ဘူတန်သံအမတ်ကြီး H.E. Mr. Kinzang Dorji မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘူတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ ဘူတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပူးတွဲခန့်အပ်ရေး အဆိုပြုချက်၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံမှုပြုရေးနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပေါ် ခင်မင်ရင်းနှီးစွာဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။