မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Puneet Agrawal အား လက်ခံတွေ့ဆုံ(၁၉-၆-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Puneet Agrawal မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်မိတ်ဆက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလားအလာများနှင့် ဒေသခွဲအတွင်း အပြန်အလှန်ချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရေးတို့အပေါ် ခင်မင်ရင်းနှီးစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။