(၁-၄-၂၀၂၆ ရက်၊ ဗန်ကောက်မြို့)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်း-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌဖြစ်သူ ထိုင်းသံအမတ်ကြီးဟောင်း H.E. Mr. Bandhit Sotipalalit မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်၊ ၁၈:၃၀ နာရီအချိန်တွင် ဗန်ကောက်မြို့၊ Royal Princess Larn Luang ဟိုတယ်ရှိ The Empress စားသောက်ဆိုင်၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲသို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါညစာစားပွဲသို့ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းဘက်မှ ဥက္ကဋ္ဌ H.E. Mr. Bandhit Sotipalalit ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း H.E. Mr. Pisanu Suvanajata ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Piyapak Sricharoen နှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ တွဲဖက်သံအမတ် Lt. Sorawud Preededilok ၊ အရှေ့အာရှရေးရာဦးစီးဌာနမှ သံမှူးကြီး Ms. Lasapan Toomsawasdi နှင့် အသင်းတာဝန်ခံအရာရှိ Ms. Suthida Homkrathum တို့ပါဝင်တက်ရောက် ခဲ့ပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဘက်မှ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် သံအမတ်ကြီးဟောင်း ဦးတင်ဝင်း၊ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအေးကို၊ ဒေါက်တာအောင်ဇော်ဝင်း၊ ဒေါက်တာမျိုးမင်းဝင်း၊ ဦးသောမတ်စ်၊ ဒေါက်တာထွန်းကျော်၊ ဦးအောင်ထွေးမြင့်နှင့် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ပထမအတွင်းဝန် ဒေါ်လမင်းခင်မောင်ဝင်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ညစာစားပွဲ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးချဲ့နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး၊ စီးပွားရေးဈေးကွက်သစ်များ ရှာဖွေနိုင်ရေးနှင့် ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် ဆေးရုံလုပ်ငန်းစုများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် အလားအလားများအပေါ် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။



