မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲ (Chief of Protocol) ထံ ခန့်အပ်လွှာ (မိတ္တူ) ပေးအပ် (၂၅-၃-၂၀၂၅ ရက်)

(၂၅-၃-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲ (Chief of Protocol) ဖြစ်သူ Mr. Chakkrid Krachaiwong ထံ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နေ့လယ် ၁၅၀၀ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ၎င်း၏ ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ကာ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။