(၅-၉-၂၀၂၅၊ အဒစ်အဘာဘာ)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Gedion Timothewos Hessebon အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (၁၅၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားခဲ့ပါသည်။

