(၄-၂-၂၀၂၆ ရက်၊ ကိုလံဘို)
သီရိလင်္ကာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ကိုလံဘိုမြို့၊ လွတ်လပ်ရေးရင်ပြင်၌ ကျင်းပသည့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာ အနုရ ကုမာရ ဒစ်ဆာနာယကေ က နိုင်ငံတော်အလံ လွှင့်တင်ခဲ့ပြီး၊ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် သံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာ ဗီဂျစ်တာ ဟေရတ် မှ ကိုလံဘို မြို့ Cinnamon Grand ဟိုတယ်တွင် ကျင်းပသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


