မြန်မာသံအမတ်ကြီး နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်သစ် Right Honourable Mr. Balendra Shah ၏ ကျမ်းသစ္စာဆိုခြင်းအခမ်းအနားသို့ တက်ရောက်

(၂၇-၃-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ၁၂း၃၄ နာရီတွင် သမ္မတအိမ်တော်၌ကျင်းပသော ဝန်ကြီးချုပ်သစ် Right Honourable Mr. Balendra Shah ၏ ကျမ်းသစ္စာဆိုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်သစ် Right Honourable Mr. Balendra Shah သည် သမ္မတ Right Honourable Ram Chandra Paudel ၏ ရှေ့မှောက်တွင် နီပေါနိုင်ငံ၏ (၄၃) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုခဲ့ပါသည်။

အခမ်းအနားအပြီးတွင် မြန်မာသံအမတ်ကြီးသည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံနှုတ်ဆက်၍ ဝမ်းမြောက်ကြောင်းဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ မြန်မာ-နီပေါ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Right Honourable Ram Sahaya Prasad Yadev၊ တရားသူကြီးချုပ် Mr. Prakash Man Singh Raut၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Narayan Prasad Dahal ၊ ဝန်ကြီးချုပ်ဟောင်းများ၊ အစိုးရအရာရှိကြီးများ၊ လုံခြုံရေးအကြီးအကဲများနှင့် နီပေါနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။