(၄-၉-၂၀၁၆၊ မနီလာ)
မနီလာမြို့ရှိ မြန်မာသံရုံးမှ ယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါ်အိအိတင်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများအား သွားရောက်တွေ့ဆုံခဲ့ရာ ညနေ ၁၅၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ်/ Assistant Secretary Ms. Ana Marie L. Hernando အား သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် ညနေ ၁၆၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ်/ Assistant Secretary နှင့် သံတမန်ရေးရာအကြီးအကဲ Mr. Ariel Rodelas Peñaranda အား သွားရောက်တွေ့ဆုံခဲ့သည်။
ထို့သို့တွေ့ဆုံရာတွင် အာဆီယံရေးရာကိစ္စရပ်များနှင့် သံတမန်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


