ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (PICC) တွင် ၂၄-၈-၂၀၂၆ ရက်မှ ၂၆-၈-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်သည့် အာဆီယံပေါင်းစပ် ဆက်သွယ်မှုညှိနှိုင်းရေးကော်မတီ၏ ၂/၂၀၂၆ အစည်းအဝေး၊ အာဆီယံပေါင်းစပ် ဆက်သွယ်မှု ညှိနှိုင်းရေးကော်မတီနှင့် မိတ်ဘက်နိုင်ငံများအကြား အာဆီယံပေါင်းစပ်ဆက်သွယ်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာဗျူဟာ လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ လေ့လာသုံးသပ်ရေးဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံပေါင်းစပ် ဆက်သွယ်မှုဆိုင်ရာ အဆင့်မြင့် ကွန်ဖရင့် များသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများကို အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်သည့် အာဆီယံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Amb. Evangeline T. Ong Jimenez-Ducrocq မှ အစည်းအဝေးသဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ/ အာဆီယံပေါင်းစပ်ဆက်သွယ်မှု ညှိနှိုင်းကော်မတီအဖွဲ့ဝင်များ၊ အာဆီယံမိတ်ဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှ အရာထမ်းများ ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံပေါင်းစပ်ဆက်သွယ်မှု ညှိနှိုင်းရေးကော်မတီ အနေဖြင့် Master Plan on ASEAN Connectivity 2025 နှစ်ကုန်လေ့လာသုံးသပ်ချက် အစီရင်ခံစာ ကိစ္စ၊ အာဆီယံပေါင်းစပ်ဆက်သွယ်ရေး မဟာဗျူဟာ လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရေးကိစ္စ၊ အာဆီယံပေါင်းစပ်ဆက်သွယ်ရေးဆိုင်ရာ မိတ်ဘက် နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအကောင်အထည်ဖော်ဆောင်မှု အခြေအနေကိစ္စနှင့် အာဆီယံပေါင်းစပ်ဆက်သွယ်ရေး ဆိုင်ရာ ပြင်ပ မိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်ရေး ကိစ္စ စသည့်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါသည်။
မြန်မာသံအမတ်ကြီး ဒေါ်အိအိတင် အာဆီယံပေါင်းစပ်ဆက်သွယ်မှုညှိနှိုင်းရေးကော်မတီ၏ ၂/၂၀၂၆ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် (၂၆-၈-၂၀၂၆၊ မနီလာ)

