(၈-၈-၂၀၂၅ ရက်၊ ကိုလံဘို)
သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ၈-၈-၂၀၂၅ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Badli Hisham Adam က ရှန်ဂရီလာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် (၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ညစာစားပွဲသို့ သီရိလင်္ကာ နိုင်ငံခြားရေးနှင့် ပြည်ပအလုပ်အကိုင်ရေးရာ ဒုတိယဝန်ကြီး Hon. Mr. Arun Hemachandra က အထူး ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ကိုလံဘိုမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီး များ နှင့် သံရုံးကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။

