မြန်မာသံအမတ်ကြီး ထိုင်းနိုင်ငံဆိုင်ရာ ကျူးဘားသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၉-၉-၂၀၂၅ ရက်)

(၉-၉-၂၀၂၅ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံဆိုင်ရာ ကျူးဘား သံအမတ်ကြီး H.E. Mr. Pedro Pablo SAN JORGE RODRIGUEZ အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် ဗန်ကောက်မြို့ရှိ ကျူးဘားသံရုံး၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာသံအမတ်ကြီးနှင့် ကျူးဘားသံအမတ်ကြီးတို့သည် မြန်မာ-ကျူးဘားနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာဖြင့် ဆွေးနွေးခဲ့ကြသည်။