မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက် တွင် ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက် (၁၈-၅-၂၀၂၅ ရက်)

(၁၈-၅-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့် ကိုရီးယားအဆင့်မြင့် အရာရှိကြီးများသည် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံ ဆွေးနွေးရေးဆက်ဆံရေးနှင့်တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့ကြ ပါသည်။ ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒီဂျစ်တယ်အသွင် ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။