(၂၂-၄-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် Thai-Myanmar Cultural and Economic Cooperation Association အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး (ငြိမ်း) Vichit Yathip နှင့် ကိုယ်စားလှယ်အဖွဲ့ကို ၂၂-၄-၂၀၂၅ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက် မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။



