မြန်မာသံအမတ်ကြီးဦးနေမျိုးဦးသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ကာတာ သံအမတ်ကြီး H.E Mr Bandar Mohammad Abdullah Al-Attiyah အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်၊ ၁၁ ၀၀ နာရီတွင် ရီရတ်ဒ်မြို့ သံတမန်ရပ်ကွက်ရှိ ကာတာနိုင်ငံသံရုံးသို့ သွားရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကာတာသံအမတ်ကြီးထံ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


