မြန်မာသံအမတ်ကြီးမှ Lao Front for National Development ၏ ဥက္ကဋ္ဌအား သွားရောက်တွေ့ဆုံ(၂၆-၇-၂၀၂၃ ရက်)

(၂၆-၇-၂၀၂၃ ရက်၊ ဗီယင်ကျန်း)

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး သည် Lao Front for National Development ၏ ဥက္ကဋ္ဌဖြစ်သူ H.E. Dr. Sinlavong Khouphaythoune အား ၂၆-၇-၂၀၂၃ ရက်၊ (၁၀၃၀) နာရီ၌ ၎င်း၏ ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့အကြား နှစ်နိုင်ငံ သာသနာရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။