(၂၇-၇-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးသည် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chansamone Chanyalath အား ၂၇-၇-၂၀၂၃ ရက်၊ (၁၄၃၀) နာရီ၌ ယင်း၏ ဝန်ကြီးဌာနတွင် သွားရောက်ဂါဝရပြု တွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူကုန်ကူးမှု တားဆီးရေးနှင့် မူးယစ်ဆေးဝါးတားမြစ်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


