မြန်မာသံအမတ်ကြီးမှ ကိုလံဘိုစီမံကိန်း အတွင်းရေးမှူးချုပ်အသစ်အား လက်ခံတွေ့ဆုံခဲ့ခြင်း (၆-၇-၂၀၂၆၊ ကိုလံဘို)

သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ကိုလံဘို စီမံကိန်းအတွင်းရေးမှူးချုပ်အဖြစ် ၁-၇-၂၀၂၆ ရက်မှ စတင်တာဝန်ထမ်းဆောင်သည့် မစ္စ ချူလာနီ ချာတ်ဆူဝမ်အား ၆-၇-၂၀၂၆ ရက်၊ ၁၄:၀၀ နာရီတွင် ကိုလံဘိုမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
သံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က မစ္စ ချူလာနီအား ကိုလံဘိုစီမံကိန်းအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွက် ကိုလံဘိုစီမံကိန်းမှ ပညာသင်ဆု၊ သင်တန်းနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်ပေါင်းများစွာ အဖိုးတန်သော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများအကြား နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ရာတွင် ကိုလံဘိုစီမံကိန်း၏ အရေးပါသော အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြောကြားခဲ့သည်။
တွေ့ဆုံမှုတွင် ကိုလံဘိုစီမံကိန်း၏ အစီအစဉ်များအောက်၌ မြန်မာနိုင်ငံမှ ပါဝင်လျက်ရှိသည့် သင်တန်းများနှင့် အကျိုးခံစားခွင့်များ၊ အနာဂတ်တွင် ကိုလံဘိုစီမံကိန်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။