(၂၉-၈-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးထံသို့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangthong က ၂၉-၈-၂၀၂၅ ရက်၊ နေ့လယ် ၁၄၀၀ နာရီအချိန် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် ဆက်စပ်သောကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နည်းလမ်းများရှာဖွေရန်ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရေး အတွက် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

