မြန်မာသံအမတ်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲထံ သွားရောက်တွေ့ဆုံ (၉-၈-၂၀၂၅ ရက်)

(၉-၈-၂၀၂၅၊ တီဟီရန်)

အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၉:၅၀ နာရီတွင် တီဟီရန်မြို့ရှိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ သံတမန်ရေးရာ အကြီးအကဲဖြစ်သူ Mr. Javad Maboudi Far နှင့် တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-အီရန်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။