မြန်မာသံအမတ်ကြီးက အာဖရိကသမဂ္ဂ၏ ဥပဒေအကြံပေးအား သွားရောက်တွေ့ဆုံ

(၂၇-၂-၂၀၂၆ ရက်၊ အဒစ်အဘာဘာ)

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အာဖရိကသမဂ္ဂ (AU) ၏ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ် Prof. Hajer Gueldich အား၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အာဖရိကသမဂ္ဂဌာနချုပ်၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံနှင့် အာဖရိကသမဂ္ဂအကြား သံတမန်ဆက်ဆံရေး ထူထောင်ရန်နှင့် ဆက်ဆံရေးမြှင့်တင်ရန်ကိစ္စရပ်များ၊ နောင်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသော နယ်ပယ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် မြန်မာသံအမတ်ကြီးက အာဖရိကသမဂ္ဂ ဥပဒေရေးရာအကြံပေး ပုဂ္ဂိုလ်အား ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။