မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာဌာနအကြီးအကဲ Joint Secretary အား သွားရောက်တွေ့ဆုံ

(၂၈-၁၁-၂၀၂၅၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁၃၀ နာရီအချိန်တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာဌာန အကြီးအကဲ Joint Secretary Mr. Prakash Adhikari အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊  မြန်မာ-နီပေါနှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးနှင့်  တိုက်ရိုက်လေကြောင်း လိုင်း ပြန်လည်ပြေးဆွဲနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။