(၂၃-၉-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားသည့် H.E. Mr. Margulan Biamukhan အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀: ၃၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တင်ရေးနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ဈေးကွက်အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်ကာ စီးပွားဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာဖြင့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

