မြန်မာသံအမတ်ကြီးက ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်းအား လက်ခံတွေ့ဆုံ

(၁၇-၉-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး (ငြိမ်း) Vichit Yathip နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၆-၉-၂၀၂၅ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။