မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံ၊ ကာကွယ်ရေးဒုတိယဝန်ကြီးနှင့် ယာယီဝန်ကြီး Gen. Nattaphon Narkphanit အား ဂါရဝပြုမိတ်ဆက်တွေ့ဆုံ (၁၄-၈-၂၀၂၅ ရက်)

(၁၄-၈-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ကာကွယ်ရေးဒုတိယဝန်ကြီးနှင့် ယာယီဝန်ကြီး Gen. Nattaphon Narkphanit အား ၁၄-၈-၂၀၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ သွားရောက်ဂါရဝပြုမိတ်ဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးမြင့်တင်ရေး၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်‌ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။