မြန်မာသံအမတ်ကြီးက တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (South Asian Association for Regional Cooperation – SAARC) ၏ Secretary General H.E. Mr. Golam Sarwar အား သွားရောက်တွေ့ဆုံခြင်း(၂၈-၄-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ ၁၂၀၀ နာရီအချိန်တွင် တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (South Asian Association for Regional Cooperation – SAARC ) ၏ Secretary General H.E. Mr. Golam Sarwar အား ကတ္တမန္ဒူးမြို့ရှိ SAARC အတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(South Asian Association for Regional Cooperation – SAARC) ၏ လေ့လာသူနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် စွမ်းအင် စသည့် SAARC ၏ ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်‌ရေး အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။