ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thang Nguyen Duc အား ၁၃-၈-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ရှိ ဗီယက်နမ်သံရုံး၌ လည်းကောင်း၊ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Alauddin Mohd Nor အား ယင်းနေ့ ၁၁၀၀ နာရီတွင် မလေးရှားသံရုံး၌လည်းကောင်း သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှုများတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကူဝိတ်နိုင်ငံအခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။


