မြန်မာသံအမတ်ကြီးက ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးတို့အား သွားရောက်တွေ့ဆုံ

(၆-၈-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အာဆီယံကော်မတီကူဝိတ် အလှည့်ကျဥက္ကဌဖြစ်သူ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Sulaini Said အား ၆-၈-၂၀၂၆ ရက် ၁၀၃၀ နာရီတွင် ကူဝိတ်မြို့ရှိ ဘရူနိုင်းသံရုံး၌လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHHAY Makara အား ယင်းနေ့ ၁၁၃၀ နာရီတွင် ကမ္ဘောဒီးယားသံရုံး၌လည်းကောင်း သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုများတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကူဝိတ်နိုင်ငံအခြေစိုက် နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။