မြန်မာသံအမတ်ကြီးက ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေး (၄-၈-၂၀၂၆၊ ကူဝိတ်)

​ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်း သည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nawaf Abdullateef Sulaiman Al-Ahmad အား ၄-၈-၂၀၂၆ ရက် နံနက် ၁၁၀၀ နာရီတွင် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။