မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့သည် အာဆီယံပရီတိုးရီးယားကော်မတီ (ASEAN Pretoria Committee – APC) ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲတစ်ရပ်ကို ၂၂-၆-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီအချိအထိ ပရီတိုးရီးယားမြို့၊ Centurion ရှိ Beyond Bowling ခန်းမ၌ ဦးစီးကျင်းပခဲ့ပါသည်။
အဆိုပါ ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲတွင် ပရီတိုးရီးယားမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ချစ်ကြည်ရင်းနှီးစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲအပြီးတွင် အာဆီယံပရီတိုးရီးယားကော်မတီအလှည့်ကျဥက္ကဌ စင်ကာပူသံအမတ်ကြီးက ပိတ်ပွဲအမှာ စကားပြောကြားခဲ့ပြီး ဆုရရှိသူများအား သံအမတ်ကြီးများက ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ အဆိုပါ ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲသည် ပရိတိုးရီးယားမြို့အခြေစိုက် အာဆီယံ သံတမန်အသိုက်အဝန်းအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်စေခဲ့ပါသည်။



