အာဆီယံ-ဗီယင်နာကော်မတီ (ASEAN-Vienna Committee – AVC) က ကြီးမှူး၍ (၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေး Padel တင်းနစ်အားကစားပြိုင်ပွဲကို ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗီယင်နာမြို့ရှိ Padeldome Alte Donau အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး/အဖွဲ့ရုံး၊ ဗီယင်နာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်း ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးအားကစားပြိုင်ပွဲသို့ အာဆီယံသံရုံး/အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် မိသားစုဝင်များ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့တို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာအသင်းအလိုက် ပါဝင်ယှဉ်ပြိုင်မှုများကို ပျော်ရွှင်စွာအားပေးခဲ့ကြပြီး အနိုင်ရရှိသောအသင်းများကို ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အာဆီယံနေ့အထိမ်းအမှတ် ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ဗီယင်နာမြို့ရှိ အာဆီယံသံရုံး/အဖွဲ့ရုံးများနှင့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
**********



