မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ်သည် ၂၉-၆-၂၀၂၆ ရက်၊ တနင်္လာနေ့ (၁၄၀၀) နာရီတွင် နော်ဝေနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Enrico T. Fos အား အော်စလိုမြို့ရှိ ဖိလစ်ပိုင်သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အော်စလိုမြို့ရှိ အာဆီယံကော်မတီ၏လုပ်ငန်းများနှင့် လှုပ်ရှားမှုများအပေါ် ဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံမှ နော်ဝေနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၂၉-၆-၂၀၂၆၊ အော်စလို)

