မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံမှ နော်ဝေနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၂၃-၆-၂၀၂၆၊ အော်စလို)

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ်သည် ၂၃-၆-၂၀၂၆ ရက်၊ အင်္ဂါနေ့ (၁၂:၀၀)နာရီတွင် နော်ဝေနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Ms. Gloria Gangte အား အော်စလိုမြို့ရှိ အိန္ဒိယသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်များ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းများနှင့် ပညာသင်ဆုပေးအပ်သည့်အစီအစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအပါအဝင် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။