မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံမှ နော်ဝေနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ(၂၃-၆-၂၀၂၆၊ အော်စလို)

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ်သည် ၂၄-၆-၂၀၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ (၁၁၃၀)နာရီတွင် နော်ဝေနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Viktorovich KORCHUNOV အား အော်စလိုမြို့ရှိ ရုရုားသံရုံးသို့ သွားရောက်တွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့် ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ အပေါ် ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် အာတိတ်ကောင်စီအဖွဲ့ဝင် နိုင်ငံများ၏ အာတိတ်ဒေသရေရှည်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေးအတွက် ဆောင်ရွက်နေမှုများနှင့် နော်ဝေနိုင်ငံအပါအဝင် နော်ဒစ်နိုင်ငံများ၏ ဒေသန္တရ ထုံးတမ်းစဉ်လာများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ကြသည်။