မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ်သည် ၁၆-၆-၂၀၂၆ ရက်၊ အင်္ဂါနေ့ (၁၃၀၀) နာရီအချိန်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ၊ ယဉ်ကျေးမှု နှင့် ကောင်စစ်ဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Vibeke Rysst-Jensen အား နော်ဝေ အစိုးရအဆောက်အအုံ (Regjeringskvartalet) ၌ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် သံရုံးယာယီတာဝန်ခံနှင့် ညွှန်ကြားရေးမှူးချုပ်တို့သည် မြန်မာနှင့်နော်ဝေ နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်စဉ် ကြီးမှူးပြုလုပ်လေ့ရှိသော သံတမန်လေ့လာရေးခရီးစဉ်များ၊ နော်ဝေနိုင်ငံရှိ သံတမန်အသိုက်အဝန်း၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဒေသန္တရထုံးတမ်းစဉ်လာ များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ကြသည်။
မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံက နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ၊ ယဉ်ကျေးမှုနှင့် ကောင်စစ်ဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ (၁၆-၆-၂၀၂၆၊ အော်စလို)

