မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံမှ နော်ဝေနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၁၆-၆-၂၀၂၆၊ အော်စလို)

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်ယဉ်ပိုမြတ်သည် ၁၆-၆-၂၀၂၆ ရက်၊ အင်္ဂါနေ့ (၁၀၃၀)နာရီတွင် နော်ဝေနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Yue Hou အား အော်စလိုမြို့ရှိ တရုတ်သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား “ပေါက်ဖော်” ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး အတွက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များ အပါအဝင် အဆင့်အသီးသီးတွင် နီးကပ်စွာ ဆက်ဆံဆောင်ရွက်နေမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် ခရီးသွား ကဏ္ဍတိုးမြှင့်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။