(၁၆-၇-၂၀၂၅ ရက်၊ အော်စလို)
မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၁၆-၇-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ (၁၁၀၀)နာရီတွင် Worldview International Foundation (WIF) ၏ အမှုဆောင် အရာရှိချုပ်၊ Mr. Kim Noguera Gabrielli အား အော်စလိုမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။ ထို့သို့ တွေ့ဆုံစဉ်အတွင်း ရေနေသတ္တဝါများ ရေရှည်တည်တံ့ရေး၊ သစ်တောများ ကာကွယ်ရေးနှင့် ရာသီဉတုဒဏ် ကြံ့ကြံ့ခံနိုင်ရေးတို့အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေနွေးခဲ့ကြပါသည်။ ထို့ပြင် ဒီရေတောဂေဟစနစ် ပြန်လည်ထိန်းထိမ်းရေးအတွက် ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် လူထုပါဝင်မှု မြှင့်တင်ရေးအတွက် အသိပညာပေး အစီအစဉ်များ၊ လူစွမ်းအားအရင်းအမြစ် မြှင့်တင်ခြင်းများ၏ လိုအပ်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအတွင်း သံအမတ်ကြီးနှင့် အမှုဆောင်အရာရှိချုပ်တို့သည် နော်ဝေအနေဖြင့် ကမ္ဘာ့အစိမ်းရောင်နယ်ပယ်တွင် ဉီးဆောင်လျက်ရှိသည့်အလျောက် မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

