(၂၇-၆-၂၀၂၅ ရက်၊ အော်စလို)
မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၇-၆-၂၀၂၅ ရက်၊ သောကြာနေ့ (၁၀၀၀)နာရီမှ (၁၁၃၀) နာရီအထိ အော်စလိုမြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ပြုလုပ်ခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံကော်မတီအော်စလို အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆို ပါအစည်းအဝေးကို အာဆီယံကော်မတီအော်စလို၏ လက်ရှိဉက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Enrico T. Fos မှ ဦးစီးကျင်းပခဲ့ပြီး အော်စလိုမြို့ရှိ အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း တက်ရောက်လာသူများသည် လုပ်ထုံးလုပ်နည်းများ၏ အရေးပါမှုနှင့် တစ်ချိန်တည်းမှာပင် ယင်းသည် အော်စလိုမြို့ရှိ သံရုံးများ၏ အကျိုးစီးပွားနှင့် အခြေအနေတို့အပေါ် ထင်ဟပ်သေချာစေရန်လိုကြောင်းအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး လာမည့် ACO အလှည့်ကျဥက္ကဋ္ဌရာထူးအား ချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
***************

