မြန်မာသံရုံး၊ အော်စလိုမြို့ သံအမတ်ကြီးမှ (၄၇) ကြိမ်မြောက် အာဆီယံကော်မတီအော်စလို အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း (၇-၅-၂၀၂၅ ရက်)

(၇-၅-၂၀၂၅ ရက်၊ အော်စလိုမြို့)

မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၇-၅-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ (၁၀၀၀)နာရီမှ (၁၁၂၀) နာရီအထိ အော်စလိုမြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ပြုလုပ်ခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံကော်မတီအော်စလို အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အာဆီယံကော်မတီအော်စလို၏ လက်ရှိဉက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင် သံအမတ်ကြီး H.E. Mr. Enrico T. Fos မှ ဉီးစီးကျင်းပခဲ့ပြီး အော်စလိုမြို့ရှိ အာဆီယံ သံအမတ်ကြီးများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း တက်ရောက်လာသူများသည် နော်ဝေနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ရန်ရှိသည့် အာဆီယံအတွင်းရေးမှူးချုပ်၏ ခရီးစဉ် နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများအပေါ် ဆွေးနွေးခဲ့ကြပြီး နော်ဝေနှင့် အာဆီယံနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်းသိရှိရပါသည်။