မြန်မာသံရုံး၊ ဟနွိုင်းမြို့၌ နှစ်သစ်ကူး မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကျင်းပ(၁၁-၄-၂၀၂၃ ရက်)

(၁၁-၄-၂၀၂၃ ရက်၊ ဟနွိုင်း)

မြန်မာသံရုံး၊ ဟနွိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ဟနွိုင်းမြို့ရှိ မြန်မာသံရုံးပရဝုဏ်အတွင်း ၁၁-၄-၂၀၂၃  ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ နှစ်သစ်ကူး မြန်မာရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ ဇနီးနှင့်မိသားစု၊ မြန်မာစစ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်၊ ဇနီးနှင့် မိသားစု၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်သံရုံး ဝန်ထမ်းမိသားစုဝင်များ  ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Southeast Asia– South Asia- South Pacific Department မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Nguyen Le Thanh  ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ စစ်သံရုံးများမှ စစ်သံမှူးများနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပါဝင်ဆင်နွှဲခဲ့ပါသည်။

ဆက်လက်၍ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းမိသားစု မဟာသင်္ကြန် အကမယ်လေးများက  မြန်မာ့ရိုးရာ မဟာသင်္ကြန်အကများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် သံရုံး၊ စစ်သံရုံးမိသားစုများမှ ဂုဏ်ပြုနေ့လယ်စာအဖြစ် မြန်မာသင်္ကြန်ထမင်း၊ မြန်မာ့ရိုးရာမုန့်များဖြင့် တည်ခင်းဧည့်ခံပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။