မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အာဆီယံ-လန်ဒန်ကော်မတီ ခရီးစဉ်တွင်ပါဝင်တက်ရောက် (၇-၇-၂၀၂၆၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းတွင် အာဆီယံ-လန်ဒန်ကော်မတီမှ သံရုံးအကြီးအကဲများနှင့်အတူ Essex ကောင်တီရှိ Tiptree စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။
အာဆီယံ-လန်ဒန်ကော်မတီကိုယ်စားလှယ်အဖွဲ့အား Wilkin & Sons Limited မှ Managing Director ဖြစ်သူ Mr. Christopher Newenham က Tiptree ကုမ္ပဏီ၏ စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ သမိုင်းကြောင်း၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သို့ တင်ပို့မှု၊ အာဆီယံနိုင်ငံများနှင့် လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းလည်ပတ်မှုအခြေအနေတို့ကို ရှင်းလင်းခဲ့ပြီး၊ အထူးဧည့်သည်တော် ဒေသခံ Witham မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ Rt Hon Dame Priti Patel မှလည်း ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စက်ရုံမန်နေဂျာများက စက်ရုံတွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် ကုန်ကြမ်းရရှိရန် စိုက်ပျိုးထားသည့် သစ်သီးနှံစိုက်ခင်းများကို ပြသခဲ့ပါသည်။