မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံနှင့် လန်ဒန်မြို့ရှိ တိုဂိုမဟာမင်းကြီးရုံးမှ ခေတ္တမဟာမင်းကြီးတို့ တွေ့ဆုံဆွေးနွေး(၃-၆-၂၀၂၆၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် လန်ဒန်မြို့အခြေစိုက် တိုဂိုမဟာမင်းကြီးရုံးမှ ခေတ္တမဟာမင်းကြီး Mr. Kpalété A. KPADE အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ လန်ဒန်စာမျက်နှာ၌ ပူးပေါင်းဆောင်ရွက်မှုစသည့် ကိစ္စရပ်များပါဝင်ခဲ့သည်။ ဆွေးနွေးပွဲသို့ ဘာသာရပ်တာဝန်ခံများဖြစ်သည့် မြန်မာသံရုံးမှ သံမှူး ဒေါ်ဟန်သူသူနွေး၊ သံမှူး ဒေါက်တာကျော်ဇင်ဦး နှင့် တိုဂိုမဟာမင်းကြီးရုံးမှ ပထမအတွင်းဝန် Mr. Tchonda Kossi HEMOU တို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။