မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် လန်ဒန်မြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီးရုံးမှ ခေတ္တမဟာမင်းကြီး Dr. M. Nazrul Islam အား ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီးရုံး၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ လန်ဒန်စာမျက်နှာ၌ ပူးပေါင်းဆောင်ရွက်မှုစသည့် ကိစ္စရပ်များပါဝင်ခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာ သံရုံးနှင့် ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးမှ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့သည်
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံနှင့် လန်ဒန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံးမှ ခေတ္တ မဟာမင်းကြီးတို့ တွေ့ဆုံဆွေးနွေး (၂၉-၄-၂၀၂၆၊ လန်ဒန်)

