(၂၉-၉-၂၀၂၆ ရက်၊ လန်ဒန်)
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization-IMO) ၏ 2026 World Maritime Day အခမ်းအနားသို့ IMO အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Arsenio Dominguez ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် IMO အထွေထွေအတွင်းရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး လန်ဒန်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးနှင့် မဟာမင်းကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ IMO ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ရုံးများမှ ကိုယ်စားလှယ်များနှင့် IMO မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
2026 World Maritime Day အခမ်းအနားကို “From Policy to Practice: Powering Maritime Excellence” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။



