မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် အာဆီယံ-လန်ဒန် ကော်မတီအစည်းအဝေး (၇/၂၀၂၆)နှင့် ယူကေ-အာဆီယံ စီးပွားရေးကောင်စီ (UKABC) နှင့် ဆွေးနွေးပွဲသို့ တက်ရောက်(၈-၉-၂၀၂၆၊ လန်ဒန်)

​မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် ညနေပိုင်းတွင် လန်ဒန်မြို့ရှိ ထိုင်းသံရုံး၌ ကျင်းပသည့် အာဆီယံ-လန်ဒန် ကော်မတီ (ASEAN-London Committee-ALC) အစည်းအဝေး (၇/၂၀၂၆) နှင့် ယူကေ-အာဆီယံ စီးပွားရေးကောင်စီ (UKABC) နှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။
​အစည်းအဝေးတွင် အာဆီယံ-လန်ဒန် ကော်မတီ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဗြိတိန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Nadhavathna Krishnamra က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတွင် ဗြိတိန်အစိုးရသစ်နှင့် အာဆီယံ-လန်ဒန် ကော်မတီတို့အကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများ၊ အာဆီယံနေ့အခမ်းအနားနှင့် အာဆီယံ-ယူကေဆွေးနွေးဖက်နိုင်ငံ (၅) နှစ်ပြည့် အခမ်းအနားကျင်းပရန် အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အာဆီယံ-လန်ဒန် ကော်မတီသည် ယူကေ-အာဆီယံ စီးပွားရေးကောင်စီ (UKABC) မှ Chief Executive Officer Mr. Ian Gibbons OBE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဗြိတိန်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ သံရုံးယာယီတာဝန်ခံအနေဖြင့် မြန်မာနိုင်ငံမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) နှင့် ဗြိတိန်စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား မေးမြန်းဆွေးနွေးခဲ့သည်။