(၁၄-၈-၂၀၂၆၊ လန်ဒန်)
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် ဗြိတိန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Mayboua XAYAVONG နှင့် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဗြိတိန်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး၊ အာဆီယံနှင့်ဗြိတိန်နိုင်ငံ ဆက်ဆံရေးနှင့် အာဆီယံ-လန်ဒန်ကော်မတီဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။


