မြန်မာသံရုံး၊ ရီယာဒ်မြို့၌ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် အလှူငွေပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်း

(၆-၉-၂၀၁၉ ရက်၊ ရီယာဒ်မြို့)

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှု များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဆော်ဒီအာရေဗျနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြသော မြန်မာ အသိုင်းအဝိုင်းမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ရီယာဒ်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်တွေ့ဆုံ၍ အလှူငွေစုစုပေါင်း ဆော်ဒီ ရီရယ်ငွေ ၁၈,၀၀၀ (မြန်မာငွေကျပ် ၇,၂၀၀,၀၀၀ ခန့်) လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုလတ်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

မြန်မာသံရုံးအနေဖြင့် လက်ခံရရှိသည့် အလှူငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနသို့ ဆက်လက်လွှဲပြောင်း ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။