( ၉-၂-၂၀၂၃ ရက်၊ ဘာလင်)
မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းသည် ၉-၂-၂၀၂၃ ရက်တွင် ဘာလင်-အာဆီယံကော်မတီ (Berlin ASEAN Committee – BAC) ၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသံအမတ်ကြီးမှ ဦးဆောင်ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ(BAC) သံရုံးအကြီးအကဲများနှင့် ဂျာမန်Parliamentary Friendship Group for Relations with the ASEAN States မှ ဥက္ကဋ္ဌ Ms. Grbriele Katzmarek ဦးဆောင်သည့် ပါလီမန်အမတ်များ တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားသို့ ဘာလင်မြို့အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဂျာမန် Parliamentary Friendship Group for Relations with the ASEAN States မှ ဥက္ကဋ္ဌ Ms. Grbriele Katzmarek နှင့် BAC အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီး တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် အာဆီယံသံရုံးအကြီးအကဲများနှင့် ဂျာမန်ပါလီမန်အမတ်များအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။




