မြန်မာသံရုံး၊ ဘာလင်မြို့ သံရုံးယာယီတာဝန်ခံ ဘာလင်-အာဆီယံ ကော်မတီ(BAC) အစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်( ၉-၁-၂၀၂၃ ရက်)

 
 
( ၉-၁-၂၀၂၃ ရက်၊ ဘာလင်)
 
မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းသည် ၉-၁-၂၀၂၃ ရက်တွင် စင်ကာပူနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် ဘာလင်-အာဆီယံ ကော်မတီ (Berlin ASEAN Committee – BAC) အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားသို့ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
 
အစည်းအဝေးတွင် ဘာလင်-အာဆီယံကော်မတီ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ စင်ကာပူနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်းနှင့် ဘာလင်-အာဆီယံ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံ သံအမတ်ကြီးက ထိုင်းနိုင်ငံ သံအမတ်ကြီး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။