(၂၆-၆-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံခြားရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာ န၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Ambassador Pierre Cartuyvels ကို သံတမန်ရေးရာဦးစီးဌာန တည်ရှိရာ ဘရပ်ဆဲလ်မြို့၊ Egmont Palace ၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါ သည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံ အပါအဝင် အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်သွားနိုင်မည့် အလားအလာများနှင့် သံတမန်ရေးရာဦးစီးဌာနက ဘယ်လ်ဂျီယံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် သံတမန်ဆိုင်ရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များအား ဆွေးနွေးမှုပြုခဲ့ကြကြောင်း သိရှိရပါသည်။
************

