မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့တို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကျင်းပ

(၂၇-၃-၂၀၂၆ ရက်၊ ဗီယင်ကျန်း)

 မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့တို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တော်ရှိ Don Chan Palace Hotel ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံ၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲ Lieutenant General Saichai Kommasit မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ လာအိုပြည်သူ့တပ်မတော်၊ လေတပ်စစ်ဌာနချုပ် အကြီးအကဲ Major General Khamlek Sengpachan ဦးဆောင်သော လေတပ်စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Chanthavong Saneamatmony၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဗီယင်ကျန်းမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ဇနီးများ၊ ဗီယင်ကျန်းမြို့အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများနှင့် ဇနီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို နှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများ၊ လာအိုနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၉၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံး၊ ဗီယင်ကျန်းမြို့မှ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးမှ မိန့်ခွန်းပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ (မုန့်ဟင်းခါး၊ ဆနွင်းမကင်း၊ လက်ဖက်သုပ်၊ ရွှေရင်အေး စသည့် မြန်မာရိုးရာ စားသောက်ဖွယ်ရာများ အပါအဝင်)နှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။